တေးသံရှင်
ဆိုတေး လိုက်ပါလာတဲ့ မော်တော်ကားဟာ မိတ္ထီလာမြို့နယ် အတွင်း မိုင်တိုင် ၂၉၁
သုံးဖာလုံနဲ့ လေးဖာလုံကြားမှာ ယနေ့ နေ့လည် ၁၂နာရီခွဲက တိမ်းမှောက်ရာ
အမျိုးသမီးတစ်ဦးသေးဆုံးပြီး ဆိုတေးပါဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။
သေဆုံးသွားတဲ့အမျိုးသမီးဟာ ဆိုတေးရဲ့ဇနီး မချောချော ဖြစ်ပြီး မိတ္ထီလာဆေးရုံရောက်ပြီးမှ သေဆုံးခဲ့တာဖြစ်ပါတယ်။ တေးသံရှင်ဆိုတေးဟာလည်း ခေါင်းကို ပြင်းထန်စွာထိခိုက်ဒဏ်ရာရခဲ့ပြီး ယခုအထိ သတိမရသေးဘူးလို့ ရန်ကုန်-မန္တလေး အမြန်လမ်း ရဲမှူးကြီးနေ၀င်းက ပြောပါတယ်။
ကားပေါ်မှာ လူလေးဦးလိုက်ပါလာပြီး ကျန်အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးဟာ ဒဏ်ရာရခဲ့ပေမယ့် မစိုးရိမ်ရဘူးလို့ သိရပါတယ်။ ဒဏ်ရာရသူတွေကို မိတ္ထီလာဆေးရုံကတဆင့် မန္တလေးဆေးရုံကြီးကို သယ်သူပို့ဆောင်ရာ ညနေ သုံးနာရီခွဲမှာ မန္တလေးဆေးရုံကြီးကို ရောက်ရှိခဲ့ပါတယ်။
ref: The Modern News Journal
သေဆုံးသွားတဲ့အမျိုးသမီးဟာ ဆိုတေးရဲ့ဇနီး မချောချော ဖြစ်ပြီး မိတ္ထီလာဆေးရုံရောက်ပြီးမှ သေဆုံးခဲ့တာဖြစ်ပါတယ်။ တေးသံရှင်ဆိုတေးဟာလည်း ခေါင်းကို ပြင်းထန်စွာထိခိုက်ဒဏ်ရာရခဲ