အာဖရိကတိုက် (Africa) အရှေ့ပိုင်း နိုင်ငံတစ်ခုဖြစ်တဲ့ ကင်ညာ (Kenya) နိုင်ငံမှာ မွတ်စလင်တွေနဲ့ ခရစ်ယာန်ဘာသာဝင်တွေ လက်တွဲပြီး အရက်၊ မူးယစ်ဆေးဝါး သုံးစွဲမှုတွေကို တိုက်ဖျက်ဖို့ စီမံကိန်းချမှတ် ဆောင်ရွက်တော့မှာဖြစ်ကြောင်း Washington Post သတင်းဌာနမှာ ဖော်ပြထားပါတယ်။ ဒီလို ဘာသာကြီးနှစ်ခုက ခေါင်းဆောင်တွေ လက်တွဲပြီး အနာဂတ် မျိုးဆက်သစ်တွေအတွက် ကောင်းကျိုးကို ပူးပေါင်းဆောင်ရွက် တဲ့ ဒီဖြစ်စဉ်ဟာ (၅၁) နှစ်အတွင်း အကြီးမားဆုံး မူးယစ်ဆေးဝါး တိုက်ဖျက်မှု စီမံကိန်းဖြစ်ကြောင်း သိရှိရပါတယ်။ကင်ညာနိုင်ငံဟာ စီးပွါးရေး တိုးတက်လာတာနဲ့အတူ လုပ်ငန်းရှင်တွေက မူးယစ်ဆေးဝါးနဲ့ အရက်သေစာကြော်ညာတွေ၊ ရောင်းဝယ်ဖောက်ကားမှုတွေဟာ လူမှုအသိုင်းအဝိုင်းနဲ့ အနာဂတ်လူငယ်တွေအတွက် စိုးရိမ်စရာ ဖြစ်လာကြောင့် ယခုလို ဘာသာရေးခေါင်းဆောင်တွေ၊ ပညာရှင်တွေက ပူးပေါင်းတိုက်ဖျက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ အစ္စလာမ်သာသနာဝင် တစ်ဦးဖြစ်သူ ကင်ညာအစိုးရအဖွဲ့ရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ ဒါရိုက်တာ Sheikh Juma Ngao က မွတ်စလင်တွေနဲ့ ခရစ်ယာန်ဘာသာ ခေါင်းဆောင်တွေပူးပေါင်းပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ပညာပေးစီမံကိန်းတွေကို အကောင်အထည်ဖော်ကြဖို့ ဒေသဆိုင်ရာ ခေါင်းဆောင်တွေကို ပြောကြားထားပြီး ဒါဟာ (၅၁) နှစ်အတွင်း အကြီးမားဆုံး မူးယစ်ဆေးဝါးတိုက်ဖျက်မှု စီမံကိန်းဖြစ်တယ်လို့ ဆိုပါတယ်။ခရစ်ယာန် ဘာသာရေးခေါင်းဆောင် တစ်ဦးဖြစ်သူ Wilfred Kogo ကလည်း အစိုးရအနေနဲ့ ထိရောက်တဲ့ လုပ်ဆောင်မှုတွေ ပြုလုပ်ဖို့ နှောင့်နှေးမယ်ဆိုရင် သူတို့အနေနဲ့ ဦးစီး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အခြားခရစ်ယာန် ခေါင်းဆောင်တစ်ဦးဖြစ်သူ Francis Kihara က ဒီမူးယစ်ဆေးဝါးကိစ္စဟာ စိုးရိမ်စရာ ဖြစ်လာပြီး သူတို့အနေနဲ့ ကျောင်းတွေမှာရှိတဲ့ ကျောင်းသားလူငယ်တွေကို မူးယစ်ဆေးဝါးနဲ့ စပ်လျဉ်းတဲ့ ပညာပေး အစီအစဉ်တွေကို ဆောင်ရွက်နေပြီလို့ ဆိုပါတယ်။ ဘာသာရေးခေါင်းဆောင်တွေရဲ့ ကြိုးပမ်းမှုတွေဟာ ထိရောက်မှုရှိကြောင်းနဲ့ ဒီလို တိုက်ဖျက်မှုတွေကို ဆက်တိုက်ဆောင်ရွက်သွားဖို့ လိုအပ်ကြောင်း ပြောဆိုသွားပါတယ်။မူးယစ်ဆေးဝါး ကြော်ငြာမှုနဲ့ ပတ်သက်တဲ့ နည်းဥပဒေပြဒါန်းချက်တွေဟာ အားနည်းမှုရှိတာတွေ၊ အရက်သေစာ သုံးစွဲခြင်းကို ခေတ်မှီသယောင် ဖော်ပြတာတွေဟာ လူငယ်တွေကို လမ်းမှားရောက်အောင် ခေါ်ဆောင်နေပြီး လူ့အဖွဲ့အစည်းအတွင်း ပြဿနာတွေ ကြီးထွားစေရတယ်လို့ နိုင်ရိုဘီတက္ကသိုလ် (University of Nairobi) ရဲ့ ပါမောက္ခတစ်ဦးဖြစ်သူ Jesse Mugambi က သုံးသပ်ပြောဆိုသွားပါတယ်။
ကိုးကား>>>myanmarmuslimsvoice

Next
Newer Post
Previous
This is the last post.