အိမ်ထောင်ကျခါစ မ။......... ။ တင်းနေအောင် ဖက်မထားနဲ့လေမောင်.. မ အသက်ရှုလို့ မဝတော့ဘူး။
 မောင်။... ။ ဖက်မထားရင် မောင်အိပ်မပျော်လို့ပါ မရယ်။
 နှစ်အတန်ကြာသော် မ။......... ။ မောင်အိပ်ရင် မကို ဖက်မအိပ်တာကြာပြီနော်။
 မောင်။...။။ ဖက်ပြီးအိပ်ရင် အသက်ရှုလို့ မဝဘူးဆိုတာ မသိဘူးလား။

(ခ) ချစ်သူဘဝ လူစည်ကားရာ နေရာတစ်ခုတွင် မောင်က မကို ပွေ့ဖက်လိုက်သည်။ မ။....... ။ မောင် ရူးနေလား? လူတွေကြည့်နေတယ်လေ.. ရှက်စရာကြီး မောင်။..။ ကြည့်ကြည့်ပေါ့ မရယ်။ မောင်က ချစ်တာကို
အိမ်ထောင်ကျပြီးနောက် မ။.....။ အရင်က ဒီနေရာမှာ မ့ကို မောင် ပွေ့ဖက်ဖူးတယ်နော်။ ခုဖက်ပါအုန်းလား မောင်
 မောင်။.... ။ လူတွေရှေ့မှာ ဖက်ရအောင် ရူးနေလို့လား?

(ဂ) အိမ်ထောင်ကျခါစ မ။..... ။ မောင်ရေ မကို ပွေ့ပါအုန်း မောင်က မကို ပွေ့ပြီး ကုတင်ပေါ် တင်ပေးလိုက်တယ်။ နှစ်အနည်းငယ်ကြာသော် မ။........... ။ မောင်ရေ မကို ပွေ့ပါအုန်း မောင်။်..... ။ ခြေထောက်ကျိုးနေပြီလား?

(ဃ) တစ်နေ့မှာ မောင်က "မ ဝလာလည်း ချစ်မှာပဲ။ ဝဝကစ်ကစ် မ ခန္ဓာကို ပွေ့ခေါ်မယ်။ အသက်အရွယ်ကြီး အိုမင်းသွားတဲ့အထိ မကို အမြဲချစ်မယ်။ မကို အမြဲဖက်မယ်" ဟု သစ္စာဆိုသည်။ နှစ်အနည်းငယ် ကြာသော် မ။.......... ။ မောင် မကိုပွေ့ပါအုန်း မောင်။.....။ ဒီခန္ဓာကိုယ်နဲ့ ငါ့ ခါးကျိုးအောင် လုပ်နေတာလား?

မ။............ ။ မောင်ရေ.. မ အလှပြင်ပြီးပြီ၊ သွားရအောင် မောင်။......။။ နေပါအုန်း.. ငါ မုတ်ဆိတ်ရိတ်နေသေးတယ်။ မ။............။ မုတ်ဆိတ်ရိတ်တာ ဒီလောက်ကြာသလား? မ တောင် ပြင်ပြီးနေပြီ.. မောင်။......။ နင်အလှပြင်တာကို စောင့်ရင်း ရိတ်ပြီးသား ငါ့မုတ်ဆိတ်တွေ ထပ်ရှည်လာလို့ နောက်တစ်ခေါက် ထပ်ရိတ်နေတာ...!

တိုက်ဆိုင်သွားရင်ခွင့်လွှတ်ပါ...ဟိဟိ
:-https://www.facebook.com/AazwamlaY-: