ရခိုင်ပြည်နယ်မှ ပဋိပက္ခများနှင့်ဆက်စပ်၍ ပြစ်မှုကျူးလွန်သူဟု သံသယရှိသဖြင့် ဖမ်းဆီးထားသူ (၁၂၀ဝ) ဦးခန့်ရှိကြောင်း ရခိုင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက ဇူလိုင် (၉) ရက်က ဖြေကြားသည်။ သို့သော် နောက်ကွယ်က ကြိုးကိုင်သူများကိုမူ ထိုသူများထဲတွင် စစ်ဆေး မတွေ့ရှိကြောင်းက ဆိုသည်။
ရာဇဝတ်မှုကျူးလွန်ကြောင်း သံသယရှိသဖြင့် ဖမ်းဆီးထားသူများသည် ပြစ်မှုပေါင်း (၂၇၅) ခုဖြင့်ဆက်စပ် ဖမ်းဆီး ခဲ့ခြင်းဖြစ်ပြီး ပြစ်မှု (၂၀ဝ) ခန့်မှာ ပြစ်ဒဏ်ချမှတ် ပြီးပြီဖြစ်ပြီး တရားရုံးက အပြစ်ပေးလိုက် သူ (၅၀ဝ) ကျော်ရှိပြီဟုလည်း သူက ဖမ်းဆီးအရေးယူထားသူများနှင့်ပတ်သက်ပြီး “အမှုအားလုံးက သာမန်ပြစ်မှုတွေဖြစ်ပါတယ်”ဟု ရခိုင်ပြည်နယ် လုံခြုံရေးဝန်ကြီးကဆိုသည်။
“ကြိုးကိုင်မှုတွေ လှုံ့ဆော်မှုတွေရှိတယ်ဆိုတာ ကျွန်တော်တို့ ထင်မြင်ယူဆချက်သာ ဖြစ်ပါတယ်။ သက်သေအထောက် အထား မပြနိုင်သေးပါဘူး”ဟုလည်း သူကပြောကြားခဲ့သည်။
သမ္မတကဖွဲ့ပေးလိုက်သည့် ရခိုင်ပြည်နယ် ပဋိပက္ခစုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာတွင် ပဋိပက္ခများ၏ နောက်ကွယ်တွင် ကြိုးကိုင်နေသူများရှိနေသည်ဟု ဖော်ပြထားသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သတင်းပြန်ကြားရေးဆပ် ကော်မတီဥက္ကဋ္ဌဖြစ်သည့် ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကလည်း ပဋိပက္ခများနှင့်ဆက်စပ်သော အမှုများနှင့်ပတ်သက်၍ “တချို့အမှုတွေက သက်သေအထောက်ထားမခိုင်လုံလို့ ကြန့်ကြာနေ တာဖြစ်သလို လတ်တလော ပိတ်သိမ်းထားတဲ့အမှုတွေလည်းရှိပါတယ်”ဟု ပြောကြားခဲ့သေးသည်။
ကိုးကား – မဇ္ဈိမ