(မြေပြင်ဝယ် သက်ရှိများအား မသနား မကြင်နာသူကို မိုးကောင်ကင်မှ ငါအရှင်သနား ကြင်နာလိမ့်မည် မဟုတ်)


ဘယ်သူက ဘယ်သူ့ကို ဘယ်လို ဘာကြောင့် ဘယ်နေရာ ဘယ်အချိန်ဖြစ်ဖြစ် ဗျာ


အကြမ်းဖက်တိုက်ခိုက်တာ ..ဘာသာရေး အဆောက်အဦးတွေ မီးရှို့ဖျက်ဆီးတာ..သွေးထွက်သံယိုဖြစ်မှု များကို လုံးဝ(လုံးဝ) လက်မခံဘူးဗျာ..ဒါ ရှင်းရှင်းဘဲပြောတာပါ။


ကျနော်တို့ရဲ့ဘာသာတရားမှာလည်း အပြင်းအထန် ရှုတ်ချကြောင်း ဖော်ပြပြီးသားပါ။


" ကမ္ဘာမြေပြင်ဝယ် ဖျက်ဆီး ဆိုးသွမ်းသူများ မဖြစ်ကြကုန်နှင့် " 
-------------------------------------------------------------------------


" ကမ္ဘာမြေကို အလှဆင်မှ အလ္လာဟ်ချစ်မယ် "စတဲ့ အမိန့်တော်များ


စာကလေးတစ်ကောင် အပေါ် အကြောင်းမဲ့ သတ်ဖြတ်ခဲ့ရင်တောင် ရှင်ပြန်ထရမယ့် ကမ္ဘာ့တရားစီရင်မည့်နေ့တွင် အစားပေး စစ်ဆေးခံရမှာ ဖြစ်ကြောင်း အတိအလင်းဖော်ပြပါရှိပါတယ်။


ဘာသာရေးအဆောက်အဦးတွေ မီးရှို့ဖျက်ဆီးဘို့မပြောနဲ့..အခြားသူများ ရန်မှကာကွယ်ပေးရမှာ ဖြစ်ကြောင်း မိန့်မှာပြီးသားပါ။ ဒါကြောင့် အခုလို အကြမ်းဖက်တိုက်ခိုက်မှုမျိုးကို အစ္စလာမ်ဘာသာ အနေဖြင့်လည်းကောင်း၊ဘာသာဝင်တစ်ဦးချင်း အနေဖြင့်လည်းကောင်း ပြင်းထန်စွာကန့်ကွက်ရှုံချပါကြောင်းနှင့် မည်သည့် အကြမ်းဖက်မှု
မျိုးကို မဆို ပူးပေါင်းတိုက်ဖျက်သွားမည် ဖြစ်ကြောင်း ဗုဒ္ဓဘာသာဝင် မိတ်ဆွေများကို လေးနက်စွာသိစေအပ်ပါသည်။


ယခု ဗုဒ္ဓဂါယာ အကြမ်းဖက်တိုက်ခိုက်မှု အတွင်း ဒဏ်ရာရရှိခဲ့သော သံဃာတော်များအပေါ် များစွာကြေကွဲ ၀မ်းနည်းမိပါကြောင်း နှင့် ထပ်တူထပ်မျှ ခံစားရပါကြောင်း ၀မ်းနည်းစွာဖြင့် မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။