အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာရှိ မဟာဘောဓိ ကျောင်းတော်တွင် ယနေ့မနက် ဇူလိုင်လ ၇ ရက် အိန္ဒိယ စံတော်ချိန် ၅း၁၅ နာရီတွင် အနည်းဆုံး ဗုံး ၅လုံး ပေါက်ကွဲပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

ယင်းပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ၅ ဦးထိခိုက်ဒါဏ်ရာ ရရှိခဲ့ကြောင်း အိန္ဒိယ အခြေဆိုက် IBNlive သတင်းဌာန မှဖော်ပြချက်အရသိရှိရပါသည်။

မဟာဘောဓိ ကျောင်းတော်ဟာ ဂေါတမ ဗုဒ္ဓမြတ်စွာဘုရား “Shakyamuni” ပွင့်တော်မှု ခဲ့ရာ နေရာတစ်ခုအဖြစ် ယုံကြည်ခဲ့ကြပြီး ၂၀၀၂ ခုနှစ်တွင် UNESCO (United Nations Educational, Scientific and Cultural Organization) မှ ကမ္ဘာ့သမိုင်းဝင် အမွေအနှစ် နေရာတစ်ခုအဖြစ် သတ်မှတ်ခဲ့ပါတယ်။

ပေါက်ကွဲမှု အချို့ကို ဂေါတမ ဗုဒ္ဓမြတ်စွာဘုရား “Shakyamuni” ဥာဏ်အမြင်ပွင့် သတင်းသုံး ခဲ့သော မဟာဘောဓိ ညောင်ပင် အနီးတွင်ဖြစ်ပွားခဲ့ကြောင်း ဒေသခံ လုံခြုံရေး ရဲအမှုထမ်းတစ်ဦးပြောချက်ကို “Bihar Times” မှ ဖော်ပြထားသည်။

ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးများဟာ နေ့စဉ် မနက် ၄ နာရီ ဝန်းကျင်တွင် ယင်းကျောင်းတော် တွင် စတင်စုဝေးကြကြောင်း သိရသည်။

Bihar ပြည်နယ် တာဝန်ရှိသူများဟာ ပေါက်ကွဲမှု ဖြစ်ပွားတဲ့ ကျောင်းတော်နေရာကို ဖြစ်စဉ်များအပေါ် သတင်းထုတ်ပြန်ရန် အပြေးအလွှား သွားခဲ့ကြောင်းနဲ့ အကြီးအကဲ ဝန်ကြီးတစ်ဦးဖြစ်သူ “Nitish Kumar” ကိုယ်တိုင် တာဝန်ရှိ ဒေသခံ အဆင့်မြင့် အရာရှိများနှင့် တွေ့ဆုံကာ အခြေအနေ အရပ်ရပ်ကို ဆွေးနွေးနေကြောင်း “Dainik Bhaskar” သတင်းဌာနမှဖော်ပြချက်အရ သိရှိရပါသည်။

“IBNlive” သတင်းဌာမှ ဖော်ပြချက်အရ ပေါက်ကွဲမှု ဖြစ်ပွားတဲ့ ကျောင်းတော်နေရာရှိ လူများကို ဘေးကင်းရာ သို့ ပြောင်းရွှေ့ပေးပြီး ဗုံးရှင်းလင်းရေး အထူးအဖွဲ့ဝင်များမှ ကျောင်းတော် အဆောက်အအုံဥပစာတွင် ရှာဖွေ ရှင်းလင်းနေကြောင်း သိရှိရပါသည်။

အိန္ဒိယ ပြည်ထဲရေး ဝန်ကြီး မှ “IBNlive” ကို ပြောကြားချက်အရ အခုအချိန်ထိ ပေါက်ကွဲမှု အတွက် တာဝန်ရှိ လက်သည်တွေရဲ့ လှုပ်ရှားမှု အရိပ်လက္ခဏာတွေ မတွေ့ရှိသေးကြောင်း နဲ့ “မဟာဘောဓိ ကျောင်းတော် ပေါက်ကွဲမှုက အကြမ်းဖက် အဖွဲ့တွေရဲ့ တိုက်ခိုက်မှု့ တစ်ခုလို့ ပြောဘို့စောသေးတယ်” ဟုပြောကြားကြောင်း သတင်းရရှိပါသည်။
သတင်း – ကိုခန့် (MMM)
News Sources : www.theepochtimes.com