ယာဉ်ပိုင်ရှင်နှင့်လုပ်သားတို့၏အကျိုးကိုဆောင်ရွက်
ပေးခြင်းမရှိသည့်အတွက် မထသ (ရန်ကုန်တိုင်းဒေသကြီး)မှ ယခင်အစိုးရခန့်
ပုဂ္ဂိုလ်များကို တာဝန်မှ အနားပေးရန် တောင်းဆိုသွားမည်ဟု ယာဉ်ပိုင်ရှင်များက
ပြောသည်။
မထသ(ရန်ကုန်တိုင်းဒေသကြီး)ကော်မတီတွင် လက်ရှိ တာဝန် ထမ်းဆောင်နေသော ပုဂ္ဂိုလ်များသည် ယခင်အစိုးရ လက်ထက် ကခန့်အပ်ခဲ့သောအစိုးရခန့်အများစုပါဝင်ပြီး
ငွေကြေးအရင်းအနှီးစိုက်ထုတ်ကာ ပြေးဆွဲပေးနေသော မော်တော်ယာဉ်ပိုင်ရှင်
နှစ်ဦးတည်းသာ အဖွဲ့ဝင်အဖြစ် ပါ ဝင်နေရကြောင်း၊
ထို့အပြင်ယာဉ်ပိုင်ရှင်နှင့် ယာဉ်လုပ်သား ဝန်ထမ်းများ၏အကျိုးကိုဦးစီးကာ
ဆောင်ရွက်ပေးခြင်း မရှိသည့်အတွက် မထသ (ရန်ကုန်တိုင်းဒေသကြီး)ကော်မတီ ရှိ
ယခင်အစိုးရခန့်ပုဂ္ဂိုလ်များကို တာဝန်မှအနားပေးပြီးယာဉ်ပိုင်ရှင်များ၏အများဆန္ဒဖြင့် မထသကော်မတီ အားပြန်လည် ဖွဲ့စည်းပေးစေလိုကြောင်း ယာဉ်ပိုင်ရှင်များကပြောသည်။
မထသ (ရန်ကုန်တိုင်းဒေသကြီး) ကော်မတီတွင် ယာဉ်ပိုင်ရှင်နှစ်ဦး တည်းသာ
အဖွဲ့ဝင်အဖြစ် ပါဝင်ရပြီး ယခင် အစိုးရခန့်ဝန်ထမ်းများမှာ ဥက္က ဋ္ဌနှင့် ဒုဥက္ကဋ္ဌ
နေရာ များယူထားကြောင်း၊ ယင်းကြောင့် ယာဉ်ပိုင်ရှင်များ၏
အခက်အခဲများကိုတင်ပြသည့်အခါ အစိုးရခန့်ပုဂ္ဂိုလ်များ ၏ နောက်
လိုက်သဘောမျိုးသာဖြစ်နေကြောင်း ယာဉ်ပိုင်ရှင် တစ်ဦးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး မထသ ကော်မတီကို ပုဂ္ဂလိက ယာဉ်လိုင်း အဖြစ်
ပြောင်းလဲပြီး ပုဂ္ဂလိကမော်တော် ယာဉ်များ စနစ်တကျပြေး ဆွဲနိုင်ရေး
ဥပဒေပေါ်ပေါက်စေရန်အတွက် ဇူလိုင် ၂၈ ရက်၊ မွန်းလွဲ ၁ နာရီ တွင် ရွှေဂုံတိုင်
ရှိ တော်ဝင်နှင်းဆီ၌ ဆန္ဒဖော်ထုတ်သော သတင်းစာ ရှင်းလင်းပွဲပြုလုပ်သွားမည် ဟု
သိရသည်။
ယာဉ်ပိုင်ရှင်တစ်ဦးက ”ယာဉ်ပိုင် ရှင်တွေနဲ့
ပြောင်းလဲဖွဲ့စည်းရင်တော့ ပို့ ဆောင်ရေးစနစ်တွေကို ပြုပြင်နိုင်မယ်။
ခရီးသွားပြည်သူတွေ ကို ပြေး ဆွဲပေးနေ တဲ့ မော်တော်ယာဉ်တွေဟာ ယာဉ်ပိုင်
ရှင်တွေ ရင်းနှီးမြှုပ်နှံ ထားတဲ့ စီးပွားရေး တစ်ခုပဲ၊ အခုက
ယာဉ်ပိုင်ရှင်တွေအနေနဲ့ ဘာမှလုပ် ပိုင်ခွင့်မရှိဘူးဖြစ်နေတယ်”ဟု ပြောသည်။
မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့မှ မန္တလေးတိုင်းဒေသကြီး မထသ ကော်မတီကိုပုဂ္ဂလိကယာဉ်လိုင်းအဖြစ်
ပြန်လည်ဖွဲ့စည်းကာ ယာဉ် ပိုင် ရှင်များကို လည်းကော်မတီတစ်ရပ်ဖွဲ့စည်းခဲ့
ကြောင်း၊ မွန်ပြည်နယ် အစိုးရအဖွဲ့မှ ကျိုက်ထီး ရိုးတောင်တက်
မော်တော်ယာဉ်အသင်း အား ယာဉ် ပိုင်ရှင်များဖြင့် ဖွဲ့စည်းပေး
ခဲ့ခြင်းများကဲ့သို့ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း မ ထသကော်မတီ
ကို ပုဂ္ဂလိကယာဉ်လိုင်းတစ်ခု အဖြစ် ပြောင်းလဲဖွဲ့စည်းဆောင် ရွက်သင့်ပြီဖြစ်
ကြောင်း ၄င်းတို့က ပြောသည်။
မထသ(ရန်ကုန်တိုင်းဒေသကြီး)မှ
ဥက္ကဋ္ဌဦးတင်ထွဋ်က ”ယာဉ်ပိုင်ရှင်တွေ ဆန္ဒဖော်ထုတ်မယ်ဆိုတာတော့ သိပါ ပြီ။
သူတို့နဲ့ပတ်သက်ပြီးတော့ ဘာမှမ ပြောလိုဘူး။ ကျွန်တော်တို့ကတော့ အ
ထက်ဌာနလမ်းညွှန် ချက်အတိုင်းလုပ် မှာပါပဲ။ အထက်ဌာနကနေမလုပ်သင့်
တော့ဘူးဆိုတဲ့ အချိန် မှထွက်သွားဖို့ပဲ ရှိတယ်။ ယာဉ်ပိုင်ရှင်တွေရဲ့ သဘော
ဆန္ဒကိုမဝေဖန်လိုပါဘူး”ဟု ပြောသည်။
ထက်ထက်မိုးမြင့်
မထသ(ရန်ကုန်တိုင်းဒေသကြီး)ကော်မ
မထသ (ရန်ကုန်တိုင်းဒေသကြီး) ကော်မတီတွင် ယာဉ်ပိုင်ရှင်နှစ်ဦး တည်းသာ အဖွဲ့ဝင်အဖြစ် ပါဝင်ရပြီး ယခင် အစိုးရခန့်ဝန်ထမ်းများမှာ ဥက္က ဋ္ဌနှင့် ဒုဥက္ကဋ္ဌ နေရာ များယူထားကြောင်း၊ ယင်းကြောင့် ယာဉ်ပိုင်ရှင်များ၏ အခက်အခဲများကိုတင်ပြသည့်အခါ အစိုးရခန့်ပုဂ္ဂိုလ်များ ၏ နောက် လိုက်သဘောမျိုးသာဖြစ်နေကြောင်း ယာဉ်ပိုင်ရှင် တစ်ဦးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး မထသ ကော်မတီကို ပုဂ္ဂလိက ယာဉ်လိုင်း အဖြစ် ပြောင်းလဲပြီး ပုဂ္ဂလိကမော်တော် ယာဉ်များ စနစ်တကျပြေး ဆွဲနိုင်ရေး ဥပဒေပေါ်ပေါက်စေရန်အတွက် ဇူလိုင် ၂၈ ရက်၊ မွန်းလွဲ ၁ နာရီ တွင် ရွှေဂုံတိုင် ရှိ တော်ဝင်နှင်းဆီ၌ ဆန္ဒဖော်ထုတ်သော သတင်းစာ ရှင်းလင်းပွဲပြုလုပ်သွားမည် ဟု သိရသည်။
ယာဉ်ပိုင်ရှင်တစ်ဦးက ”ယာဉ်ပိုင် ရှင်တွေနဲ့ ပြောင်းလဲဖွဲ့စည်းရင်တော့ ပို့ ဆောင်ရေးစနစ်တွေကို ပြုပြင်နိုင်မယ်။ ခရီးသွားပြည်သူတွေ ကို ပြေး ဆွဲပေးနေ တဲ့ မော်တော်ယာဉ်တွေဟာ ယာဉ်ပိုင် ရှင်တွေ ရင်းနှီးမြှုပ်နှံ ထားတဲ့ စီးပွားရေး တစ်ခုပဲ၊ အခုက ယာဉ်ပိုင်ရှင်တွေအနေနဲ့ ဘာမှလုပ် ပိုင်ခွင့်မရှိဘူးဖြစ်နေတယ်”ဟု ပြောသည်။
မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့မှ မန္တလေးတိုင်းဒေသကြီး မထသ ကော်မတီကိုပုဂ္ဂလိကယာဉ်လိုင်းအဖြ
မထသ(ရန်ကုန်တိုင်းဒေသကြီး)မှ ဥက္ကဋ္ဌဦးတင်ထွဋ်က ”ယာဉ်ပိုင်ရှင်တွေ ဆန္ဒဖော်ထုတ်မယ်ဆိုတာတော့ သိပါ ပြီ။ သူတို့နဲ့ပတ်သက်ပြီးတော့ ဘာမှမ ပြောလိုဘူး။ ကျွန်တော်တို့ကတော့ အ ထက်ဌာနလမ်းညွှန် ချက်အတိုင်းလုပ် မှာပါပဲ။ အထက်ဌာနကနေမလုပ်သင့် တော့ဘူးဆိုတဲ့ အချိန် မှထွက်သွားဖို့ပဲ ရှိတယ်။ ယာဉ်ပိုင်ရှင်တွေရဲ့ သဘော ဆန္ဒကိုမဝေဖန်လိုပါဘူး”ဟု ပြောသည်။
ထက်ထက်မိုးမြင့်