မီဒီယာများသိစေရန် ရှေ့နေ ဦးကျော်လှအောင် ရဲ့
သားများဘက်မှ ပြန်လည်ချေပ လိုခြင်း ဖြစ်ပါတယ်..တစ်ချို့သော ပြည်တွင်း
မီဒီယာများရှိ ရှေ့နေ ဦးကျော်လှအောင် ဧ။် သတင်းများ ဖော်ပြ ရာတွင် ရှေ့နေ ဦးကျော်လှအောင် အား ဘင်္ဂလီဟု မဟုတ်မှန် ရေးသား ထားသည်ကို ဦးကျော်လှအောင် မိသားစုဝင်များမှ လုံးဝကန့်ကွက်ပါသည်။
သစ်ထူးလွင် Website မှ မဟုတ်မမှန် ရေးသားထားသည်ကို တွေ့ရှိရပြီး ဦးကျော်လှအောင် ၏သားဖြစ်သူ မှ ထို မီဒီယာ သို့ စာဖြင့် ကန့်ကွက်ထားပြီး ဦးကျော်လှအောင်သည် ဘင်္ဂလီ လူမျိုး မဟုတ်ကြောင်း ထပ်လောင်း ပြောလိုက်ခြင်း ဖြစ်ပါသည်။ ဦးကျော်လှအေင် မှာ အထောက်အထား ခိုင်လုံစွာ ရှိပြီး လူ့အခွင့်အရေး အတွက် ရှေ့တန်းမှ ပါဝင်ဆောင်ရွက် နေသူတစ်ဦး ဖြစ်ပြီး ၁၉၉၀ ရွေးကောက်ပွဲတွင် အမျိုးသားလူ့အခွင့်ရေး နှင့် ဒီမိုကရစ်တစ်ပါတီ ဟု တည်ထောင်ကာ ၄င်းမှ ဒု-ဥက္ကဌ အဖြစ်တာဝန်ယူပြီး လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်စဉ် ကတည်းက နိုင်ငံသား/ တိုင်းရင်းသား ဖြစ် မဖြစ်ကို စိစစ်ခံရသူ တစ်ဦး ဖြစ်ပြီး စစ်တွေ အမှတ်(၁) မဲဆန္ဒနယ် မှ ၀င်ရောက် ယှဉ်ပြိုင်ခဲ့သူ တစ်ဦး ဖြစ်သည်။
၎င်းကို ရွေးကောက်ပွဲ မပါဝင်နိုင်ရန် ရွေးကောက်ပွဲ မကျင်းပမှီ တစ်ပတ် အလိုတွင် ဖမ်းဆီးထိန်းသိမ်းထောင်ချ ခဲ့သော်လည်း ၄င်း၏ လမ်းညွှန်မှုဖြင့် ၄င်း ရရှိမည့် မဲများအား ကမန်အမျိုးသားပါတီ မှ ရှေ့နေ ဦးရွှေယ အား ပေးရန် မှာကြားခဲ့သောကြောင့် ကမန်အမျိုးသားပါတီ မှ ရှေ့နေ ဦးရွှေယ မဲ အပြတ်အသား အနိုင်ရရှိခဲ့ပါသည်။
၁၉၉၀ ရွေးကောက်ပွဲ မတိုင်မှီ ရခိုင်အမျိုးသား တိုးတက်ရေး ပါတီမှ ရှေ့နေ ဦးကျော်လှအောင် အား ရခိုင်အမျိုးသား တိုးတက်ရေး ပါတီမှ ၀င်ရောက် ယှဉ်ပြိုင်ပေးရန် ၄င်း၏ ဆရာ ဖြစ်သူ ရှေ့နေကြီး ဦးမောင်သာဇံ (ယခု ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်၏ အဘိုးရင်း ဖြစ်သူ) မှ တောင်းဆိုခဲ့သော်လည်း ဦးကျော်လှအောင် ဘက်မှ ရခိုင်အမျိုးသား တိုးတက်ရေး ပါတီမှ လွှတ်တော်အမတ်အဖြစ် ပါဝင်ရွေးကောက်ခြင်းကို အပြတ်အသား ငြင်းခဲ့ပြီး များမကြာမှီ အဖမ်းခံရပြီး စစ်ခုံရုံးဖြင့် ထောင်ဒဏ် (၁၄) နှစ်ချမှတ်ခံရကြောင်းကို မီဒီယာ များသိစေရန် ထပ်လောင်းပြောကြားလိုက်ပါသည်။
ဦးကျော်လှအောင် ၏ ပင်စင် စာအုပ်နှင့် ရှေ့နေကြီး ဦးမောင်သာဇံမှ ဦးကျော်လှအောင် အား၁၉၉၀ ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ရာတွင် ပေးခဲ့သည် ထောက်ခံစာ