Saturday, Augest 03, 2013
အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ်တွင် မျက်လှည့်ဆရာ
အန်ဒီဂရော့စ်၏ ကိုယ်တစ်ပိုင်းပြတ် မျက်လှည့်ပြကွက်ကို ခရီးသွားဟန်
လွှဲပြသခဲ့ရာ လမ်းသွားလမ်းလာများ အထိတ်တလန့် ဖြစ်ခဲ့ရသည်။ အန်ဒီဂရော့စ်သည်
မီချီဂန်ပြည်နယ် အတွင်းရှိ ဥယျာဉ် တစ်ခုတွင်းသို့ ၀င်ရောက်ပြီးနောက် ၎င်း၏
ခန္ဓာကိုယ်ကို နှစ်ပိုင်းဖြတ်ကာ ခါးပိုင်းကို လက်ဖြင့်ကိုင်ပြီး
လမ်းလျှောက်ပြခဲ့သည်။
ထိုမျက်လှည်ပြကွက်ကို ရုတ်တရက်
ပြသခဲ့ချိန်တွင် အခိျု့အမျိုးသမီးများသည် အထိတ်တလန့် ထွက်ပြေးခဲ့သဖြင့်
အလဲလဲ အပြိုပြို ဖြစ်ခဲ့ရသည်။ ထိုမျက် လှည့်ပြကွက်ကို စိတ်ဝင်စားသော
လူငယ်လူရွယ်အခိျု့က မှတ်တမ်းတင် ဓာတ်ပုံများ၊ ဗီဒီယိုများ ရိုက်ကူး
မှတ်တမ်းတင်ခြင်းတို့ ပြုလုပ်ခဲ့ကြသည်။ အန်ဒီဂရော့စ် မျက်လှည့်
ပြသခဲ့ချိန်တွင် ရုတ်တစ်ရက် အထိတ်တ လန့် ဖြစ်ခဲ့ရသော်လည်း နောက်ပိုင်းတွင်
စိတ်ဝင်စားမူက လွှမ်းမိုးခဲ့ပြီး ထွက်ပြေးရန်ပင် သတိရမိခဲ့ခြင်း မရှိကြောင်း
ကိုယ်တွေ့ကြုံခဲ့ရသည့် အမျိုးသမီးတစ်ဦးက သတင်းထောက်များကို
ပြောကြားခဲ့သည်။
ref:ပြည်မြန်မာ
Home
»
နိုင်ငံတကာသတင်း
» မျက်လှည့်ဆရာ၏ ကိုယ်တစ်ပိုင်းပြတ် မျက်လှည့် ပြကွက်ကို လမ်းသွားလမ်း လာများ အထိတ်တလန့် ဖြစ်ခဲ့