သြဂုတ်လ-၂၉ ရက်၊ ၂၀၁၃
M-Media
အောင်ကောင်းထက်
သံဃာ၊
အမျိုးသမီးနှင့်ဆိုင်သော မှုခင်းများတွင် ကျူးလွန်သူများမှာ မွတ်စလင်
သို့မဟုတ် ကုလားလူမျိုးများဟူသော ကောလဟလ အားပေး သတင်းများကို
မြန်မာပြည်တွင်း မီဒီယာများ ဦးဆောင်၍ ဖြန့်နေကြ
နိုင်ငံသားအဖြစ် အသိအမှတ်ပြုခြင်းမခံထားရသူ ဘင်္ဂလီဟု သမုတ်ခံထားရသည့်
ရိုဟင်ဂျာများကို နိုင်ငံတော်သီချင်းသီဆိုရမည် သို့မဟုတ် နိုင်ငံတော်
အလံအား အလေးပြုရမည်ဟု အလဲဗင်း မီဒီယာမှ ဆွဲချက်တင်ပြီး
နိုင်ငံအုပ်ချုပ်သူများနှင့် ဥပဒေပြုအမတ်များ ပြုလုပ်ရမည်အလုပ်ကို
ကြားဝင်ဆောင် ရွက်နေသည်မှာ မဖွယ်မရာသော လုပ်ရပ်အဖြစ် မြန်မာ့အရေးလေ့လာ
သူများက ရှုမြင်ကြပါသည်။
ဆေးကုဆရာဝန် ဦးသန်းထွဋ်အောင်ခေါင်းဆောင်သည့် အလဲဗင်းဂရုမှာ
ယခုကဲ့သို့သော အချိန်မျိုး၌ပင် ပြည်တွင်းနိုင်ငံသား မွတ်စလင်များအပေါ်
အခြားသူများ အထင်အမြင်လွဲမှားစေဖို့ ရည်သန်လျက် ရိုဟင်ဂျာ အရေးအား
တစိုက်မတ်မတ်ဖော်ပြနေပေသည်။
ထို့ကြောင့် နိုင်ငံအုပ်ချုပ်သူများက တမင်တကာ လွှတ်ပေးထားသည့်အလား
ဆက်တိုက်ဝါဒဖြန့် လုပ်ဆောင်နေကြသည့် အလဲဗင်းကဲ့သို့သော မီဒီယာများကြောင့်
မြန်မာပြည်ဖွား နိုင်ငံသား အစ္စလာမ် ဘာသာဝင်များအဖို့ အထူးသတိထားကာ
သတိဝီရိယကြီးစွာဖြင့် နေထိုင်ကြရမည်ဖြစ်ပါသည်။
တောင်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပျက်ခဲ့သည့် သံပြားဝိုင်းဖြင့် အမျိုးသမီး ၂
ဦးအား ပါးတွင်ခြစ်ကာ ဒဏ်ရာရစေသော အမှုတွင် ကျူးလွန်သူများမှာ
ကုလားလူမျိုးများဖြစ် သည်ဟု မြန်မာပြည်တွင်းအခြေဆိုက် The Voice
မီဒီယာများက ၀ါဒဖြန့်ချိထားခဲ့ကြရာ သြဂုတ် ၂၆ တွင် ရန်ကုန်တိုင်း ရဲဌာနမှ
တင်ပြခဲ့သော သတင်းအရ ထိုသတင်းမှာ မှန်ကန်သော်လည်း ကျူးလွန်သူများမှာ
ကုလားလူမျိုးပုံသဏ္ဌာန် မဟုတ်ကြောင်း သိရသည်။
တဖန်မိတ္ထီလာတွင်ဖြစ်ပျက်ခဲ့သော သံဃာတစ်ပါးသေဆုံးခဲ့ရသည့်
သုံးဘီးဆိုင်ကယ်တိုက်မှု၌ တရားခံမှာ မွတ်စလင်တစ်ဦးဖြစ်သည်ဟု ကောလဟာလ
သတင်းများ ၀ါဒဖြန့်ထားခဲ့သည်။ သို့သော် နောက်ပိုင်းတွင် တရားခံယာဉ်မောင်း
မျိုးဆန်းမှာ မြန်မာ/ဗုဒ္ဓတစ်ဦးသာဖြစ်ကြောင်း မန္တလေးမြို့မ ရဲစခန်းက
အတည်ပြုပေးခဲ့သည်။
ယခုတဖန် အလဲဗင်းမီဒီယာဂရုသည် ချိန်သားကိုက်၍ ဆက်တိုက်ဆိုသလို သာကေတ၌
မြကန်သာရေကန်ထဲသို့ အစ္စလာမ်ဘာသာဝင်များ အဆိပ်ခပ်သည်ဟု သံသယဖြစ်ဖွယ်သတင်းကို
သက်ဆိုင်ရာက တရားခံမည်သူဖြစ်သည်အား အတည်မပြုမီတင်ပြထားပါသည်။
ပြည်တွင်းမီဒီယာများအနေဖြင့် ကောလဟာလ သတင်းများပါ ကျူးလွန်သူ
အစ္စလာမ်ဘာသာဝင်ဖြစ်ကြောင်းကို သွေးထိုးလှုံဆော်သည့် အရေးအသားများ ဖြင့်
ဖော်ပြသော်လဲ ၄င်းသတင်းမှာ မှန်/မမှန် လေ့လာဆန်းစစ်ခြင်း မပြု၊
သတင်းမှားဖြစ်နေသည့်တိုင် နောက်ဆက်တွဲ အမှန်ကို
ထုတ်ပြန်ကြေညာရေးသာခြင်းများ ပြုလုပ်ခြင်းမရှိတာကို လေ့လာတွေ့ရှိရသည်။
သံဃာ၊ အမျိုးသမီးများနှင့် သက်ဆိုင်သော မှုခင်းဖြစ်ရပ်များတွင်
မွတ်စလင်များပြုသည်ဟု ကောလဟလ ထုတ်လွှတ်ကြံစည်မှုများ အွန်လိုင်းတွင်သာမက
နေရာအနှံ့ဖြစ်ပေါ်နေပေ ရာ မြန်မာပြည်ဖွား နိုင်ငံသားမွတ်စလင်များသာမက
တာဝန်သိပြည်သူများကပါ အထူးအလေးကရုပြုကြဖို့ရာ တိုက်တွန်းအပ်ပါသည်။
ရည်ညွှန်း ။
တောင်ဥက္ကလာသတင်း The Voice ဂျာနယ်မှ ရေးသားမှု >>http://goo.gl/vOsjFn
ရန်ကုန်တိုင်း ရဲတပ်ဖွဲသတင်းထုတ်ပြန်မှု့ >>https://www.facebook.com/yangonpolice/posts/371109059685034
မိတ္ထီလာ မှ သံဃာဆိုက်ကယ်တိုက်ခံရမှု >>http://goo.gl/keJGqv
သာကေတမှ ရေကန်အဆိပ်ခပ်သည့် သတင်း Eleven >>http://www.news-eleven.com/local/yangon-news/22690