ပြီးခဲ့တဲ့ မတ်လက မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မူတွေအတွင်း မီးလောင်ဖျက်ဆီးခံခဲ့ရတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဗလီဝတ်ကျောင်းတွေကို သက်ဆိုင်ရာက ပြန်လည်ပြင်ဆင်ခွင့် ပြုလိုက်တယ်လို့ သိရပါတယ်။

မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူးရုံးက အခုလို ပြန်လည်ပြင်ဆင်ခွင့် ပြုခဲ့တာဖြစ်တယ်လို့ မွတ်စလင် လူ့အဖွဲ့အစည်းခေါင်းဆောင် တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက RFA ကို ပြောပါတယ်။

"ဗလီခြောက်လုံးကို ခရိုင်အုပ်ချုပ်ရေးမှုးက လွန်ခဲ့တဲ့ သုံးရက်က ခေါ်ပြောတယ်။တရားဝင် ဖွင့်ခွင့်ပေးတယ်၊ပြင်ခွင့်ပေးတယ်၊လာတားတဲ့သူတွေရှိရင် သူ့ဆီကို လွှတ်လိုက်လို့ ပြောတယ်။ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကို ခေါ်ပြောတယ်၊သက်ဆိုင်ရာ ဂေါပကတွေကို ခေါ်ပြောတယ်"

အဲဒီ ဗလီခြောက်ခုကတော့ ချမ်းအေးဗလီ၊ တူရကီ ဗလီ၊ သုခဝတီဗလီ ငြိမ်းချမ်းရေးဗလီ၊ နန်းတော်ကုန်းဗလီ နဲ့ သာယာကုန်းဗလီတွေ ဖြစ်ပြီး နဂိုရ် မူလအတိုင်း ပြန်လည်ပြင်ဆင်ခွင့်ပေးတယ်လို့ ဆိုပါတယ်။
ref : RFA Burmese