ကမ္ဘာနံပတ်တစ် လူမှူကွန်ရက်ဝဘ်ဆိုဒ် Facebook က အသုံးပြုသူ အစ္စလာမ်ဘာသာဝင်တို့ရဲ့ မွေးနေ့များအတွက် အစ္စလာမ်ပြက္ခဒိန် ဟီဂျရီ (Islamic Hijri) ကို စတင်ထည့်သွင်း တင်ဆက်ပေးပြီ ဖြစ်ကြောင်း သိရှိရပါတယ်။
လက်ရှိ အများသုံး အနောက်တိုင်း စံပြက္ခဒိန် Gregorian နဲ့ အတူတွဲ အသုံးပြုနိုင်မှာဖြစ်ပြီး ဆော်ဒီအာရေဗျနိုင်ငံ (Saudi Arabia) မှာ စတင်အသုံးပြုနိုင်အောင် ထုတ်လွှင့်မှာပါ။ မွတ်စလင်နိုင်ငံများ၊ မွတ်စလင်လူထု ရှိရာနိုင်ငံများ၊ အရပ်ဒေသများသို့ တဖြည်းဖြည်းခြင်း ဖြန့်ကျက်ပေးသွားမှာ ဖြစ်ပါတယ်။
Facebook ရဲ့ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကဒေသ (Middle East and Africa) အကြီးအကဲ တစ်ဦးဖြစ်သူ Jonathan Labin က “ရက်သတ္တပတ်နဲ့ လအနည်းငယ်အတွင်း အောင်မြင်မယ်လို့ ယုံကြည်ထားပါတယ်။ ဆော်ဒီအာရေဗျမှာ စမ်းသပ်တင်ဆက်မှုရဲ့ ရလဒ်တွေအရ အစ္စလာမ်ကမ္ဘာတစ်ဝှမ်း အောင်မြင်မှု ရရှိမယ်လို့ အပြည့်အဝ ယုံကြည်မှုရှိပါတယ်”လို့ ဆိုပါတယ်။
ကမ္ဘာတစ်ဝှမ်း Facebook သုံးစွဲသူ လူဦးရေး သန်းပေါင်း တစ်ထောင့်တစ်ရာကျော် (၁.၁ ဘီလီယံ) ရှိပြီး အရှေ့အလယ်ပိုင်းနဲ့ အာဖရိကဒေသမှာ ဈေးကွက်တိုးချဲ့နိုင်ဖို့ ပြီးခဲ့တဲ့နှစ်က ဒူဘိုင်းမြို့ (Dubai) မှာ ဒေသရုံးခွဲ ဖွင့်လှစ်ခဲ့ခြင်းပါ။
ကိုးကား – AB,MMV