တချို့ အမျိုးသမီးတွေက တစ်ခါတစ်ရံ ရင်သားနာကျင်ပြီး နဂိုထက် ကြီးလာတာမျိုးတွေ ဖြစ်ပွားတတ်ပါတယ်။
. အမျိုးသမီးတွေ ဓမ္မတာလာစဉ်မှာ ဟော်မုန်း အတက်အကျကြောင့် ရင်သား  နာ ကျင်တာမျိုး၊ ရင်သားကြီးလာတာမျိုး ဖြစ်တတ်ပါတယ်။ အဲသည်လို အချိန်တွေမှာ စိတ်ဖိစီးမှု နည်းနိုင်သမျှ နည်းအောင် နေထိုင်ပါ။
. ဟင်းသီးဟင်းရွက် များများစားပါ။
. အဆီ၊ အဆိမ့်တွေကို လျှော့စားပြီး ပုံမှန် အားကစားတစ်ခုခုကို ပြုလုပ်ပေးပါ။ ဒါဆို သက်သာလာစေမှာပဲ ဖြစ်ပါတယ်။
မျက်လုံးတစ်ဝိုက် မို့အစ်နေရင်
မျက်လုံး အရမ်းအလုပ်လုပ်ရတဲ့ အတွက် အိပ်ရာထထချင်း မျက်လုံးတစ်ဝိုက်နဲ့ မျက်အိတ်တွေ မို့အစ်ဖူးရောင်တာမျိုး ဖြစ်တတ်ပါတယ်။
. သည်လိုဖြစ်ရင် အဝတ်သန့်သန့်ကို ရေအေးအေး (ရေခဲ)ဆွတ်ပြီး မျက်လုံး တစ်ဝိုက် ကပ်ပေးပါ။
. ရေခဲ၊ ရေခဲအိတ်တွေနဲ့လည်း ဖြည်းဖြည်းချင်း ကပ်ပေးနိုင်ပါတယ်။
. မျက်အိတ်အရောင်ကျစေတဲ့ ဆေးရည်တွေ လိမ်းပေးမယ်ဆိုရင်လည်း သက်သာ လာမှာပါ။
. သည်လိုမျိုး မဖြစ်အောင် အိပ်ရေးဝဝ အိပ်တာနဲ့ အာရုံကြောအားဆေး သောက် ပေးတာက ကာကွယ်မှုတစ်ခု ဖြစ်ပါတယ်။
ဆီးအောင့်တာ နှစ်ရှည်ခံစားရရင်
ဆီးရောဂါက ခံစားရခက်တာကြောင့် ဂရုစိုက်ဖို့ လိုပါတယ်။ ဆီးရောဂါခံစားနေရ သူတွေအတွက် ယခုဖော်ပြပေးတဲ့နည်းက အသုံးဝင်စေမှာ ဖြစ်ပါတယ်။
. ဆီးရောဂါကို ရုတ်တရက် ခံစားနေရသူတွေ၊ နှစ်ရှည်လများ ခံစားနေရသူတွေဟာ ရေရှည်မှာ မခံမရပ်နိုင် ဖြစ်ကြရပါတယ်။
. သည်လို ရောဂါခံစားရရင် ကျောက်ဖရုံ သီးအူနဲ့ ကန်စွန်းရွက်ကို နုပ်နုပ်စဉ်းပြီး ဆီးစပ်မှာ အုံပေးပါ။ နောက်တစ်နည်းကတော့ ရေခဲအိတ် ကပ်ပေးနိုင်ပါတယ်။
. ဆီးဝေဒနာခံစားနေရ တဲ့သူတွေအနေနဲ့ ၄င်းနည်းတွေ အသုံးပြုရင် သက်သာလာ တဲ့အထိ ကပ်ပေး၊ အုံပေးတာမျိုး လုပ်ပေးရပါမယ်။