၁၈.၁၁.၂၀၁၃ တနင်္လာနေ့ ညဘက်တွင် ရခိုင်ပြည်နယ်ကျောက်တော်မြို့ နယ်ကြာညိုပြင်ကျေးရွာမှ ဦးရွှေအောင် ဒေါ်မိုးမိုးစံတို့ ၏သမီး အသက်၆နှစ်ရှိ မ “မိငယ်” (ရခိုင်/ဗုဒ္ဓ) အား တစ်ရွာတည်းနေ လယ်ကူလီလုပ်ကိုင်သူ အေးမောင်ဇံ (ရခိုင်/ဗုဒ္ဓ)မှ လှည့်ဖျားဒေါ်ဆောင်သွားခဲ့ပြီး မနက်လင်းသောအခါ ရွာပြင်စပါးခင်းတွင် အလောင်းအားပစ်ချထားခဲ့သည်။

အလောင်းတွင် ဦးခေါင်းဒဏ်ရာတစ်ချက် ပါးတစ်ဘက်တစ်ချက်စီနှင့် မုဒိမ်းကျင့်ထားသည့် ထည့်သွင်းဒဏ်ရာများအား စစ်ဆေးတွေ့ ရှိရကြောင်း အပေါက်ဝတိုက်နယ်ဆေးရုံမှ တာဝန်ခံဆရာဝန်ကပြောကြားသည်။ သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးမှုနှင့် ရပ်မိရပ်ဖများ၏ ပူးပေါင်း ဖော်ထုတ်မှုကြောင့် တရားခံဖြစ်သူ အေးမောင်ဇံ (ရခိုင်/ဗုဒ္ဓ) အားဖမ်းဆီးရမိခဲ့သည်ဟု သိရှိရပြီး အလောင်းကို အပေါက်ဝတိုက်နယ်ဆေးရုံတွင် ဆက်လက်စစ်ဆေးလျှက်ရှိသည်။

သတင်း။ ကြာညိုသား
http://www.myanmarcnn.com/2013/11/blog-post_2798.html