အန်ဂိုလာ မှာ အစ္စလာမ်ကို ပိတ်ပင်ပြီး ဗလီများ ဖျက်နေတယ်ဆိုတဲ့ သတင်းကို IBtimes ဆိုတဲ့ မီဒီယာကနေ စပြီးဖော်ပြခဲ့ပါတယ်။ အခုအဲဒီမီဒီယာကနေပဲ မဟုတ်ကြောင်းပြန်လည်ဖြေရှင်း
လိုက်ပါပြီ။ အမေရိကန်မှာရှိတဲ့ အန်ဂိုလာသံရုံးက တာဝန်ရှိသူတစ်ဦးက အဆိုပါသတင်းမှာ မဟုတ်ကြောင်း အန်ဂိုလာဟာ ဘာသာလူမျိုးမခွဲခြားတဲ့ နိုင်ငံတစ်ခုဖြစ်ကြောင်း ခရစ်ယာန် ဘာသာဝင် ၅၅ရာခိုနှုန်းနေထိုင်ပေမယ့် ဘာသာရေးလွတ်လပ်ခွင့် အပြည့်အဝရှိကြောင်း

အန်ဂိုလာသတင်းကို အင်တာနက်မှာဖော်ပြထားမှုများမှာ မမှန်ကြောင်း အန်ဂိုလာသမ္မတမှာ နိုင်ငံတွင် တစ်ပတ်ကြာမရှိနေပဲ ခရီးထွက်နေကြောင်း

ယဉ်ကျေးမှုဝန်ကြီးနှင့် သမ္မတပြောကြားသည့် အန်ဂိုလာတွင် အစ္စလာမ်လွှမ်းမိုးမှုအဆုံးသတ်
လိုက်ပြီဖြစ်သည်ဟုပြောကြားချက်များမှာ မရှိခဲ့ကြောင်းနဲ့မည်သည့် ပြည်တွင်းမီဒီယာတွင်
မှဖော်ပြခြင်းမရှိကြောင်း စသဖြင့် အဆိုပါ အမည်မဖော်လိုတဲ့ဟသံအရာရှိက ပြောကြားပါတယ်

ဗလီဖျက်နေတဲ့ ဓါတ်ပုံတွေဟာ အန်ဂိုလာမှ မဟုတ်ပဲ အစ္စရေးများဟကျူးကျော်အိမ်ယာဆောက်
စဉ်က ဘဒိုအင်းနေအိမ်များကို ဖျက်ဆီးနေတဲ့ပုံများဖြစ်ပြီး ၂၀၀၈ နဲ့ ၂၀၁၂ ကပုံဟောင်းများ
သာဖြစ်တယ်လို့သိရပါတယ်။

သတင်းအပြည့်အစုံကို အောက်ပါ link မှာဖတ်နိုင်ပါတယ်။အန်ဂိုလာအလံတင်ပြီး ဂုဏ်ပြုနေသူ
များလည်း ပရိုဖိုင်ပြောင်းနိုင်ပြီဖြစ်ကြောင်း အသိပေးလိုက်ပါတယ်။

http://www.ibtimes.com/angola-denies-it-banned-islam-destroyed-mosques-1484898