လေ့လာစုံစမ်းမှု အသစ်တစ်ခုအရ အတိုချုပ်စာရိုက် ဆက်သွယ်ချိတ်ဆက်သော Twitter လူမှုကွန်ယက် အများဆုံး အသုံးပြုသော နိုင်ငံမှာ ဆော်ဒီအာရေဗျ (Saudi Arabia) ဖြစ်ပြီး အိန္ဒိယ (India) မှာ အနည်းဆုံးသာ အသုံးပြုသော နိုင်ငံများအနက် ဖြစ်ကြောင်း အံ့ဩဖွယ် တွေ့ရှိရသည်။

PeerReach အဖွဲ့မှ ပြုလုပ်သော ထိုစစ်တမ်းအရ ဆော်ဒီနိုင်ငံသား (၃၂) ရာခိုင်နှုန်း သို့မဟုတ် နိုင်ငံ၏ သုံးပုံတစ်ပုံမှာ Twitter ကို အလွန်တက်ကြွစွာ အသုံးပြုကြကြောင်း သိရှိရသည်။ အိန္ဒိယ၊ နိုင်ဂျီးရီးယား (Nigeria) နှင့် ဂျာမနီ (Germany) နိုင်ငံတို့မှာ Twitter အသုံးပြုမှု အလွန်နည်းပါးပြီး နိုင်ငံလူဦးရေ၏ တစ်ရာခိုင်နှုန်းကသာ တက်ကြွစွာ အသုံးပြုကြသည်။

စိတ်ဝင်စားဖွယ်ကောင်းသည်မှာ Twitter ၏ ဘူမိနက်သန်ဖြစ်သော အမေရိကန်နိုင်ငံမှာ အသုံးအများဆုံး စားရင်း၌ အဆင့် (၈) သာ ချိတ်သည်။

အများဆုံး အသုံးပြုသော ထိပ်တန်း (၅) နိုင်ငံစလုံးမှာ အင်္ဂလိပ်စကားပြောနိုင်ငံများ မဟုတ်သော ဆော်ဒီအာရေဗျ (အဆင့် – ၁)၊ အင်ဒိုနီးရှား (Indonesia) (အဆင့် – ၂)၊ စပိန် (Spain) (အဆင့် – ၃)၊ ဗင်နီဇွဲလား (Venezuela) (အဆင့် – ၄) နှင့် အာဂျင်တီးနား (Argentina) (အဆင့် – ၅) တို့ အသီးသီး ဖြစ်ကြသည်။ ထိပ်ဆုံး နှစ်နိုင်ငံဖြစ်သော ဆော်ဒီအာရေဗျနှင့် အင်ဒိုနီးရှားတို့တွင် လူများစုမှာ အိမ်သုံးစားပွဲတင်ကွန်ပြူတာ မထားရှိ၊ မသုံးစွဲဘဲ မိုဘိုင်းဖုန်းများမှတဆင့် Twitter ကို အသုံးပြုခြင်း ဖြစ်သည်။

၎င်းနောက် ဗြိတိန် (Britain) (အဆင့် – ၆)၊ နယ်သာလန် (Netherlands) (အဆင့် – ၇)၊ အမေရိကန် (US) (အဆင့် – ၈)၊ ဂျပန် (Japan) (အဆင့် – ၉) နှင့် ကိုလံဘီယာ (Colombia) (အဆင့် – ၁၀) တို့ ဖြစ်ကြသည်။


ကိုးကား – PTI
28 Nov 2013